ရင်းနှီးမှုတွေ ရှိမှာပါ။ 📊📊📊📊📊📊📊📊📊 တောင်းစားသူက..... မာနတရားတွေ ရင်းနှီးခဲ့ရတယ်… စိတ်ချမ်းသာသူက..... ကြေကွဲမှုတွေ ရင်းနှီးခဲ့ရတယ်… မာနရှိသူက..... နှိမ့်ချခံရမှုတွေ ရင်းနှီးခဲ့ရတယ်… အပြုံးမပျက်သူက..... ချိုးနှိမ်ခံရမှုတွေ ရင်းနှီးခဲ့ရတယ်… စိတ်ဓာတ်ခိုင်မာသူက..... မျက်ရည်စက်တွေ ရင်းနှီးခဲ့ရတယ်… ပြည်တန်ဆာက..... ကိုယ်ကျင့်သိက္ခာတွေ ရင်းနှီးခဲ့ရတယ်… ရင့်ကျက်တည်ငြိမ်သူက..... လောကဓံဆိုးတွေ ရင်းနှီးခဲ့ရတယ်… ပျော်ရွှင်နေသူက..... ဝမ်းနည်းခြင်းတွေ ရင်းနှီးခဲ့ရတယ်… တကယ်တော့ ဘဝတစ်ခုမှာ အဆင်ပြေပြေ နေနိုင်ဖို့ဆိုတာ ထိုက်တန်တဲ့ အရင်းအနှီးကတော့ ပေးဆပ်ရမှာ ဖြစ်ပါတယ်။ ဖြစ်ခဲ့တဲ့ ဒုက္ခတွေ၊ ပေးဆပ်ခဲ့ရတဲ့ ရင်းနှီးမှုတွေကို မေ့ပစ်နိုင်အောင် ကြိုးစားပါ။ ကြုံတွေ့ခဲ့ရတဲ့ သင်ခန်းစာကိုတော့ ဘယ်တော့မှ မေ့မပစ်ပါနဲ့။ ကိုယ်ပေးဆပ်လိုက်ရတဲ့ ရင်းနှီးမှုတွေကို တန်းဖိုးထားပြီး ထိရောက်တဲ့ ဘဝတိုးတက္မှု တစ်ခုအဖြစ် အသုံးချပါ။ ဘဝဆိုတာ လက်ဝှေ့ကြိုးဝိုင်းလို ပါပဲ၊ ကြမ်းပြင်ပေါ် လဲကျသွားတာကို ကြိုးဝိုင်းဒိုင်က အရှုံးလို့ မသတ်မှတ်ပါဘူး။ ကိုယ် ပြန်မထလာမှ အရှုံးလို့ သတ်မှတ်တာပါ။ အနည်းဆုံးတော့ ပြန်မရနိုင်တော့တဲ့ အချိန်တွေ ရင်းနှီးလိုက်ရတဲ့အတွက် ဘဝဆိုတာကို ဘယ်လိုနည်းနဲ့မှ အရှုံးမပေးသင့်ပါဘူး။ # Credit