🌼တန်ဖိုး...🌼 🍁မိန်းမတိုင်းမှာတန်ဖိုးမဖြတ်နိုင်တဲ့ အရည်အချင်းတွေ 🍁ကိုယ်စီရှိကြပါတယ်. မိန်းမတွေထဲမှာတချို့ထက်မြတ်တဲ့မိန်းမ တွေဟာတဆင့်မြင့်လာတဲ့ လိုအပ်ချက်တွေတိုင်းကို သမာအာဇီဝကျစွာနဲ့ ရုန်းကန်လှုပ်ရှားရှာဖွေပြီး မိမိကိုယ်မိမိခြယ်သနေတဲ့သူတွေ ရှိကြပါတယ်. ကိုယ်လိုချင်တဲ့အရာတွေကို သူများကလာရောက်ပံ့ပိုး ဖြည့်ဆည်းပေးဖို့ထက် ကိုယ်ကိုယ်တိုင်ဖန်တီးရယူ လိုက်ရတာကိုပိုပြီးဂုဏ်ယူ ကျေနပ်နေတတ်ကြပါတယ်. ဒီလိုမိန်းမတွေဟာဒဏ်ရာပေါင်းစုံနဲ့ အလူးအလဲနာကျင်ခံစားခဲ့ရရင်တောင် ဒဏ်ရာအမြန်ကျက်အောင်ကုသပြီး အများရှေ့မှာအပြုံးမပျက် မားမားမတ်မတ်ပြန်လည်ရပ်တည် တတ်ကြပါတယ်. သူတို့မှာဒဏ်ရာဟောင်းတွေ အမာရွတ်တွေရှိကောင်းရှိပါလိမ့်မယ်. ဒါတွေကို အရည်အချင်းတွေ၊ အဖိုးတန်လက်ဝတ်လက်စား တွေနဲ့ဖုံးဖိပြီးကိုယ်ရောင်ကိုယ်ဝါ ထွက်အောင်ပဲပြင်ဆင် ဖုံးဖိနေတတ်ကြပါတယ်. ဘယ်တော့မှသူတို့ရဲ့ သူများကမကုစားပေးနိုင်၊ မကူညီနိုင်တဲ့ဝေဒနာတွေကို ထုတ်ဖော်ပြသလေ့မရှိကြပါဘူး အများတကာကဘယ်အချိန်ပဲကြည့်ကြည့်သူတို့ကို အားကျတဲ့မျက်ဝန်းတွေပဲရှိနေစေတတ်ကြပါတယ်. တယောက်နဲ့တယောက်မှာ မတူညီတဲ့ ကိုယ်ပိုင်အလှအပတွေ၊ ကိုယ်ပိုင်အရည်အချင်းတွေကိုယ်စီ ရှိကြတဲ့အထဲမှာ... မိမိ ကိုယ်ကို မိမိ အားကိုးပြီးဘယ်သူကမှ လာရောက်လက်တွဲခေါ်ဆောင်စရာမလိုတဲ့ မိန်းမတစ်ချို့ရဲ့ကိုယ်ရောင်ကိုယ်ဝါဟာပိုပြီး တောက်ပနေတတ်ပါတယ်.။ 🌼နွေး🌼